Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ ဘောလုံးအသင်း၏ အာရှယူ၁၉ ဖိုင်နယ်ပွဲစဉ်များ ထွက်ရှိ

အာရှယူ ၁၉ ဖိုင်နယ်ပွဲစဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှ အမျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် ဘောလုံးပွဲစဉ်များ AFC U19 Championship 2019 Thailand တွင်ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အုပ်စုနှင့် ပွဲစဉ်ဇယားထွက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က သတင်းထုတ်ပြန်သည်။

အုပ်စုမဲခွဲမှုအရ မြန်မာ အမျိုးသမီး ယူ၁၉ အသင်းသည် အုပ်စု(ခ)တွင် အာရှအင်အားကြီး အသင်းများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့နှင့်အတူကျရောက်နေပြီး အုပ်စုပွဲစဉ်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းပွဲစဉ်များအား IPE Chonburi Stadium တွင်ကျင်းပမည် ဖြစ်ပြီး ပွဲချိန်များကိုမူ ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ ဧပြီလအတွင်းက မန္တလာသီရိကွင်းတွင် ကျင်းပခဲ့သည့် ခြေစစ်ပွဲစဉ်များတွင် ဥဇဘက်ကစ္စတန် အသင်းကို (၁-ဝ)ဂိုး၊ နီပေါအသင်းကို (၂-၁)ဂိုး တို့ဖြင့် အနိုင်ရခဲ့ပြီး သြစတြေးလျအသင်းကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ အုပ်စု ပွဲစဉ် ၃ ပွဲတွင် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် အုပ်စု ဒုတိယ နေရာမှ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.