ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသြင်္ကန်ပွဲတော်တွင် လာရောက်ရေကစားကြသူများ အပူရှိန်ခံစားမှုကို လျှော့ချပေးနိုင်ရန်အတွက် ရေပန်း အကြီးအသေး (၁၁ဝ) ကျော် တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ) မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ အကြားရှိ နယ်စပ်မျဉ်းတစ်လျှောက် လှုပ်ရှားနေသည့် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အုပ်စုများကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းသွားမည်ဟု ယနေ့နံနက် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရှိ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ် ကို ဧပြီလ (၁၃) ရက် (သြင်္ကန်အကြိုနေ့) အထိ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၉-ခုနှစ် မဟာသြင်္ကန်ပွဲတော် ကာလအတွင်း သုံးရက်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
ထရီပိုလီ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်း လက်နက်ကိုင်အင်အားစု အမျိုးသားတပ်မတော် လေတပ်က ဧပြီလ ၈ ရက် တွင် မြို့တော်ထရီပိုလီရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ လက်ရှိတွင် အဆိုပါလေဆိပ်ကို ပိတ်ထားရကြောင်း သိရသည်။
ထရီပိုလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့များနှင့် နိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၈၀၀ ၎င်းတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၈...