Connect with us

Education & Health

အခြေခံပညာ ဦးစီးဌာန သတင်းစာရှင်းပွဲ ကျင်းပ

အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း အဖွင့်စကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၉ – ၂၀ ပညာသင်နှစ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းပွဲကို ယနေ့ ညနေပိုင်းတွင် ၎င်းဝန်ကြီးဌာန ရုံးအမှတ် (၁၃)၌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဦးဆောင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံ ကျောင်း စုစုပေါင်း ၄၇၀၀၅ ကျောင်း ရှိပြီး သင်ကြားရေး၌ ကျောင်းအုပ်ကြီးများ အပါအဝင် ဆရာ ဆရာမဦးရေ ၄၀၄၄၄၄ ဦး၊ ရုံးဝန်ထမ်း ဦးရေ ၅၂၆၄၇ ဦး ရှိကြောင်း၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသားများနှင့်ပါဆိုလျှင် အခြေခံပညာအဆင့်၌ ပညာသင်ယူသူ ဦးရေ ၉ ဒသမ ၇ သန်းကျော်ရှိ ကြောင်း၊ ၂၀၁၉ -၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၅၆၅၁ ကျောင်းတို့အား အဆင့် တိုးမြှင့်ရန်လျာထားကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားခဲ့သည်။

အခြေခံပညာ ဦးစီးဌာန သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

သတင်းစာရှင်းပွဲ၌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း အဖွင့်စကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး(စီမံ) ဦးလူစီယားနို၊ ညွှန်ကြား ရေးမှူး(ဘဏ္ဍာ) ဦးသန်းစိုးအောင်၊ ညွှန်ကြားရေးမှူး (ပညာ) ဒေါက်တာ တင်ယုယုအေး၊ ညွှန်ကြားရေး မှူး(စီမံကိန်း/ စာရင်းအင်း) ဦးတိုးဝင်း၊ ညွှန်ကြား ရေးမှူး(စီမံကိန်း/ ကြီးကြပ်) ဦးအေးလွင်၊ ညွှန်ကြား ရေးမှူး(စီမံ/ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး) ဒေါ်ခင် သူဇာအေး တို့က မိမိတို့ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း တင်ပြခဲ့ကြရာတွင်ပညာသင်ထောက်ပံ့ကြေးများကိုကျောင်းနေရန်ခက်ခဲသော ကလေးများ၊ ကျောင်းထွက်နိုင်ခြေများ သော ကလေးများအား ချီးမြှင့်ပေးလျက်ရှိရာ ၂၀၁၈ – ၁၉ ခုနှစ်တွင် ထက် ၊ လယ်၊ မူ – စုစုပေါင်း ၂၂၆၉၄ ဦးနှင့် စမ်းသပ်မြို့နယ် ၅၅ မြို့နယ်မှ ၁၉၁၈၁၄ ဦး၊ စုစုပေါင်း ၂၁၄၅၀၈ ဦးတို့ကို ချီးမြှင့်ပေးခဲ့ ကြောင်း၊ ၂၀၁၉ -၂၀ ပညာသင်နှစ်၌ လက်ရှိကလေးများအပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ် နှစ်ခုအား ဆက်လက်တိုးချဲ့ရန်လျာထားကြောင်း၊ ပြဌာန်း စာအုပ်များ ထောက်ပံ့ခြင်းကို ၂၀၁၈ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ – ၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံး ဖတ်စာအုပ် ဘာသာရပ် ၉၀ မျိုးတို့ ကို မူလတန်းအတွက် ၃၈၀၈၆၁၆၂အုပ်၊ အလယ်တန်းအတွက် ၄၄၂၈၅၈၀၄ အုပ်၊ အထက်တန်း အတွက် ၁၅၂၂၀၄၀၆ အုပ် နှင့် ဆရာကိုင်၊ ဆရာ လမ်းညွှန် ၅၄ မျိုးကို ၉၁၅၀၀၀၀ အုပ် ရိုက်နှိပ်ခဲ့ ကြောင်း၊ ၂၀၁၉ – ၂၀ ပညာသင်နှစ်အတွင် သင်ရိုးသစ် သင်တန်းများ ပြုလုပ်ခဲ့ရာ အခြေခံ၊ ဘက၊ လေ့ကျင့်ရေးကျောင်းများ၊ လူမှုဝန်ထမ်း၊ မွန်အမျိုးသားကျောင်း၊ အထူးဒေသများ၊ ဒုက္ခသည် စခန်း များရှိ မူ အဆင့် သင် ဆရာ ဆရာမများ အားလုံးကို Grade – 3 သင်ရိုးသစ် အတွက် စုစုပေါင်း ၂၄၁၈၁၉ ဦး၊ Grade – 6 သင်ရိုးသစ်အတွက် ဗဟိုနည်းပြ ၁၆၈ ဦး၊ တိုင်းဒေသကြီး ပြည်နယ် အဆင့် ၄၉၉၅ ဦး၊ ခရိုင်အဆင့် သင်တန်းသား ၁၄၅၈၈၅ ဦးတို့ကို သင်တန်းများ ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

၂၀၁၉ – ၂၀ တွင် ကိုယ်ပိုင်ကျောင်း အထက်ဆင့် ၅၇၅ ကျောင်း၊ လယ်ဆင့် ၅၀ ကျောင်း၊ မူဆင့် ၁၁၃ ကျောင်း၊ စုစုပေါင်း ၇၃၈ ကျောင်း နှင့် ကိုယ်ပိုင်ကျောင်းဆရာ ၁၄၇၂၅ ဦးတို့ ရှိကြပြီး ၎င်းတို့သည် ၂၀၁၁ ဒီဇင်ဘာ ၂ ရက်တွင် ပြဌာန်းထားသည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ (၂၀၁၂ ဧပြီ ၃၀) နှင့် နည်းဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး မှတ်ပုံတင် လက်မှတ် ရရှိပြီးနောက် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး ပေးသွင်းရမည် ဖြစ်ကြောင်း၊တိုင်ဒေသကြီး ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၅၇ မြို့တို့မှ ကျောင်း ၁၁၄ ကျောင်းတို့တွင် ကျောင်း အရည်အသွေး အာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် (SQASF:_ School Quality Assurance Standard Framework) မူကြမ်း ရှေ့ပြေး စမ်းသပ်မှု အစီအစဉ်များ ဆောင်ရွက်ခဲ့ ကြောင်း၊ ထိုအစီ အစဉ်ကို ၂၀၁၉ – ၂၀ ပညာသင်နှစ်တွင် မြို့နယ် ၁၁၀ ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၆၅၀ တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၂၁ – ၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ ကျောင်းများကို လွှမ်းခြုံနိုင်မည်ဟု ရည်မှန်းထားကြောင်းလည်း ရှင်းလင်း တင်ပြခဲ့ ကြသည်။(Xinhua)