ကိုလံဘို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) သီရီလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ မှ ၇၅ကီလိုမီတာအကွာ ရှိ Polgahawela ဘူတာရုံတွင် သြဂုတ် ၆ရက်က ရပ်ထားသော ရထားတစ်စင်းကို ကိုလံဘို-ကန်ဒီ တစ်လျှောက်ပြေးဆွဲပေးနေသည့် ရထားတစ်စင်းက ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မနီလာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ သမ္မတ ပြောရေးဆိုခွင့်ရှိသူ Harry Roque က သြဂုတ်လ ၆ ရက် ၌ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး ရာထူး စတင် တာဝန်ယူချိန် မှ စ၍...
ရီယာ့ဒ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကနေဒါအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကနေဒါနိုင်ငံ၌ သွားရောက်ပညာသင်ကြားနေသော ဆော်ဒီကျောင်းသား ၁၂,ဝဝဝ ဦး ကို အမေရိကန်အပါအဝင် အခြားနိုင်ငံများသို့ပြောင်းရွှေ့ပညာသင်ကြားရန် စီစဉ်နေကြောင်း ဆော်ဒီအဆင့်မြင့်အစိုးရအရာရှိတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ရောမ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ ဘိုလော့နာမြို့ပတ် အဝေးပြေး မိုးပျံလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂ ဦးရှိပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ANSA သတင်းအေဂျင်စီ ၏ သြဂုတ် ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ရောမ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ မြောက်အလယ်ပိုင်း ဘိုလော့နာမြို့ပြင်ပ လမ်းမပေါ်တွင် လောင်ဆာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်သမားများက သြဂုတ်လ ၆ ရက်တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။