Connect with us

Sport

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယ ကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံမှ ဆုတံဆိပ် အများဆုံး ရရှိထား


ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ)

၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား ယနေ့မေ ၁၈ ရက်တွင် ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ရာ ပြိုင်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံမှ ဆုတံဆိပ် အများဆုံး ရရှိထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အရှေ့တောင် အာရှ နိုင်ငံများမှ အားကစား သမားများ ပါဝင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၅ ဆု ၊ ငွေတံဆိပ်ဆု ၄ ဆု နှင့် ကြေးတံဆပ်ဆု ၇ ဆု စုစုပေါင်း ဆုတံဆိပ် ၁၆ ဆု ရရှိခဲ့ကြောင်း သိရသည်။

၁၆ ကြိမ်မြောက်အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ပထမနေ့ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)
အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ပထမနေ့တွင် ပြိုင်ပွဲ အမျိုးအစား ၁၀ ခုအား ယှဉ်ပြိုင်ခဲ့ကြပြီး ဆုတံဆိပ်ပေါင်း ၃၀ အား ပေးအပ် ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံက ဆုတံဆိပ် ထက်ဝက်ကျော် ဆွတ်ခူး ရရှိထားခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒုတိယ အများဆုံး အဖြစ် ရွှေတံဆိပ်ဆု ၂ ဆု ၊ ငွေတံဆိပ်ဆု ၃ ဆု နှင့် ကြေးတံဆိပ်ဆု ၂ ဆုတို့ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

၁၆ ကြိမ်မြောက်အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ပထမနေ့ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲတွင် Men’s Senior Bodybuilding- 55 ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော ကျော်မင်းသန်းက “ဒီလိုပွဲကြီးမျိုးက ကြုံရခဲ့တဲ့အတွက် အခုလိုယှဉ်ပြိုင်ခွင့်ရတာ ဝမ်းသာပါတယ်။ အိမ်ရှင်ဖြစ်တဲ့အတွက် ပိုကြိုးစားရတာပေါ့။ မြန်မာနိုင်ငံရဲ့ပရိသတ်တွေကြောင့်လည်း ခွန်အားတွေပိုရှိတာပေါ့၊ အားလုံးအားပေးကြတဲ့အတွက် ပိုပြီး အားရှိတယ်။”ဟု ပြောကြားခဲ့သည်။
၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား ၄၄ ဦး ပါဝင်၍ ပြိုင်ပွဲ အမျိုးအစား ၂၃ မျိုးတွင် ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီပွဲကို ကျင်း ပဆောင်ရွက်နိုင်ခြင်းအားဖြင့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာ့အလယ်မှာ ဝံ့ကြွားနိုင်စေဖို့အတွက် အခုလို ကြိုးပမ်းဆောင်ရွက်ပေးတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီနေ့ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ယှဉ်ပြိုင်သူတွေရှိပါတယ်။ သန့်ရှင်းတဲ့စိတ်ဓာတ်၊ ကြိုးပမ်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေနဲ့ အောင်မြင်မှု ပန်းတိုင်ကို ရဖို့အတွက်လည်း မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ယခုကဲ့သို့ပြည်တွင်း ၊ ပြည်ပ အားကစား ပြိုင်ပွဲများအား လက်ခံ ကျင်းပခြင်း ၊ ပါဝင် ယှဉ်ပြိုင်ခြင်းဖြင့် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ၊ ယခု ပြိုင်ပွဲသည် အားကစား ကဏ္ဍကို တိုးတက် စေရုံသာမက အရှေ့တောင် အာရှ နိုင်ငံများ အကြား ရင်းနှီး ချစ်ခင်မှုကို ပိုမို မြင့်တက်စေပါကြောင်း ပြောကြားခဲ့သည်။

ယခု ကျင်းပသော ၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများမှ အားကစား သမား ၁၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

၁၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလ နှင့် ကာယ ကြံခိုင်မှု အားကစားပြိုင်ပွဲအား ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံကအိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)