ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စက်လှေဖြင့်သွားလာနေစဉ် စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ် ထိစပ်နယ်နိမိတ်အတွင်း တည်ဆောက် ထားသော သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်(၂၉)ရက် ညနေ ၄ နာရီ တိုင်းတာချက်အရ ရေအမှတ်(၁၂၆.၇) မီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) မွန်ပြည်နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီ ပိတ်ထားခဲ့သည့် ထားဝယ်- မော်လမြိုင်-ဘုရားကြီး- ရန်ကုန် အဝေးပြေး လမ်းမကြီးသည် လက်ရှိ အခြေအနေတွင် ရေပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။