Connect with us

Science & Technology

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ၁၇၉ ခုထုတ်ပေးထားရှိပြီးဖြစ်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ကွင်းဆင်းဆောင်ရွက်စဉ် (ဓာတ်ပုံ--ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ၁၇၉ ခုထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၅-၂၀၁၉)ရက်နေ့အထိ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၆၇) ခု၊ Network Service License (၁၇) ခု၊ Network Facilities Service (Class) License (၆၀) ခု၊ Application Service License (၃၁) ခု၊ လိုင်စင်စုစုပေါင်း (၁၇၉) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။ (Xinhua)