ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ ခရိုင် ၇ ခု၌ ဂျုံသီးနှံ စိုက်ပျိုး ရာသီ အတွင်း ယခု ဘဏ္ဍာနှစ် ဇန်နဝါရီလကုန် အထိ ဂျုံသီးနှံ ၁၁၉,၂၆၈ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒူဘိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့က လူပေါင်း ၆၀ ဦး ပါဝင်သော “အလိုရှိဆုံး ဝရမ်းပြေးစာရင်း” အား ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်လိုက်ရာ ဆက်ဒမ်ဟူစိန်၏ သမီးအကြီးဆုံး Raghad လည်း ပါဝင်ကြောင်း သိရသည်။
ချန်းချန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်သည့် ကုမ္ပဏီက မောင်းသူမဲ့ ကာဖွန်-ဖိုင်ဘာကိုယ်ထည်ဖြင့် တစ်လမ်းသွားရထားသစ်ကို ယနေ့ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် သီရလင်္ကာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ လုပ်ဆောင်မည် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena ထံ ဖေဖော်ဝါရီလ ၄ ရက်က ပေးပို့ခဲ့သော သဝဏ်လွှာ၌ တရုတ်နိုင်ငံ...
ဆိုးလ် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယားအားကစားသမားအဖွဲ့ကို ထိပ်တန်းဥပဒေပြုအမတ်တစ်ဦးက ဦးဆောင်လာမည်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။