Connect with us

Environment, Disasters & Accidents

သက်ကယ်ကျင်းကျေးရွာ ၏ အရှေ့တောင်ဘက် (၁၆) မိုင်ခန့် အကွာတွင် အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သက်ကယ်ကျင်းကျေးရွာ ၏ အရှေ့တောင်ဘက် (၁၆) မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ် ၊ ဧပြီလ (၃၀)ရက် မြန်မာစံတော်ချိန် (၀၀)နာရီ (၀၉)မိနစ် (၄၄) စက္ကန့်အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “အင်အားက ၅.၂ ဆိုတော့ အင်အားအသင့်အတင့်ရှိတယ်။ ဒါပေမယ့် အနက် က ၁၃၁ ကီလိုမီတာ ဆိုတော့ သတိပြုမိသူ မရှိဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)