နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အခွန် အယူခံခွင့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခုနှင့် အဆို ခုနစ်ခုတို့ကို ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။
ကွေ့ယန်၊ ဇူလိုက် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့တွင် အမြင့် မီတာ ၁ဝဝ ရှိ ရေတံခွန်တု ကို တရုတ်မီဒီယာများတွင်စိတ်ဝင်တစားကြည့်ရှုသူများပြားခဲ့သည်။ ထိုရေတံခွန်မှာ အဆောက်အဦ၏ မျက်နှာစာမှ တစ်ဆင့်အောက်သို့ စီးဆင်းနေခြင်းဖြစ်ပြီး ထူးဆန်းထွေလာဖန်တီးမှုကြောင့် ကျော်ကြားလျက်ရှိ ကြောင်း သိရသည်။(Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဖရိကတိုက်ရှိနိုင်ငံတို့ မှာ အတူမျှဝေခံစားနိုင်မည့်အနာဂတ်အသိုက်အဝန်းတစ်ခုကို ဖန်တီးပုံဖော်ရန်ကြိုးပမ်းလျက်ရှိသည်။ အာဖရိကတိုက်တစ်ဝန်းတွင်တရုတ်နိုင်ငံက အခြေခံကျသည့် စီမံကိန်းလုပ်ငန်းကြီးများကို တည်ဆောက်လျက်ရှိပြီး ၎င်းမှာ တရုတ် အာဖရိက ၏ ခိုင်မြဲသော စီးပွားရေးပြယုဂ် တစ်ခုလည်းဖြစ်လာခဲ့သည်။ ထိုစီမံကိန်းကြီးများမှာ (၁) မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းစီမံကိန်းသည် ၄၈ဝ...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။