ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၆၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၁၈ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ မေ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း ၌ မေ ၂၆ ရက်တွင် ဘတ်စ်ကားတစ်စီး က ၁၀ဘီးကုန်တင်ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းများကဖော်ပြခဲ့သည်။
ရီယိုဒီဂျန်နေးရို၊ မေ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အလယ်ပိုင်း Goias ပြည်နယ် မြို့တော် Goiania မြို့ရှိ ပြည်နယ်ဆိုင်ရာ လူငယ်ထိန်းသိမ်းရေးစခန်း တစ်ခုတွင် မေ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦး သေဆုံးကြောင်း ဒေသခံမီးသတ်ဝန်ထမ်းများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် တွေ့ဆုံပွဲကို ပြန်လည်ပြုလုပ်နိုင်ခြေရှိကြောင်း မေ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။