ဖနွမ်းပင် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည်များ ဝင်ရောက် လည်ပတ်မှုမှာ ယခု ၂၀၁၉ ခုနှစ်၏ ပထမ နှစ်လ အတွင်း ၄၁၈,၅၇၂ ဦး ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၃၁.၇ ရာခိုင်နှုန်း မြင့်တက်...
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိရာ မတ် ၂၆ ရက်တွင် ပြန်လည်တိုင်းတာရာတွင် လေထုအရည်အသွေး အညွှန်းကိန်း ပြန်လည်ကောင်းမွန်လာကြောင်း ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဧပြီလ လပတ်အတွက် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ၂ဝ၁၈ ခုနှစ်တွင် နိုင်ငံရပ်ခြား၌ သွားရောက်စာသင်ကြားခဲ့သော တရုတ်ကျောင်းသား/ကျောင်းသူ အရေအတွက်မှာ ၆၆၂,၁ဝဝ ဦးထိ ရှိခဲ့ရာ ၂ဝ၁၇ ခုနှစ်ကထက် ၅၃,၇ဝဝ ဦးပိုမို များပြားခဲ့ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာန၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။