Connect with us

Asia

တရုတ် ခရီးသွားများ ကမ္ဘောဒီးယား နိုင်ငံသို့ ဝင်ရောက်မှု ယခုနှစ် ပထမ နှစ်လ အတွင်း ၃၁.၇ ရာခိုင်နှုန်း မြင့်တက်

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်သို့ လာရောက် လည်ပတ်နေကြသည့် ကမ္ဘာလှည့် ခရီးသွားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည်များ ဝင်ရောက် လည်ပတ်မှုမှာ ယခု ၂၀၁၉ ခုနှစ်၏ ပထမ နှစ်လ အတွင်း ၄၁၈,၅၇၂ ဦး ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၃၁.၇ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ခရီးသွား ဝန်ကြီးဌာနမှ အချက်အလက်များ အရ မတ် ၂၇ ရက်က သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြား ခရီးသွား ဧည့်သည် အရင်းအမြစ် အဖြစ် ရှိနေဆဲ ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ ကလများ အတွင်း ကမ္ဘောဒီးယားသို့လာရောက် လည်ပတ်ခဲ့သော နိုင်ငံခြား ခရီးသွား ဧည့်သည် စုစုပေါင်း အရေအတွက်၏ ၃၃.၆ ရာခိုင်နှုန်း သည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ကမ္ဘောဒီးယား နိုင်ငံသို့နိုင်ငံတကာမှ ခရီးသွား ဧည့်သည် စုစုပေါင်း ၁.၂၄ သန်း ဝင်ရောက် လည်ပတ်ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၉.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီး Thong Khon က ကမ္ဘောဒီးယား နိုင်ငံသို့လာမည့် ၂၀၂၀ ခုနှစ်တွင် တရုတ် ခရီးသွား ဧည့်သည် ၃ သန်း ဝင်ရောက်ရန် နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ် ခရီးသွား ဦးရေ ၅ သန်း အထိ မြင့်တက်လာရန် မျှော်မှန်းထားကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ကျွန်တော်တို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ၊ စိတ်ဝင်စားဖွယ် ခရီးသွား နေရာတွေနဲ့ နှစ်နိုင်ငံကြားမှာ တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်း ခရီးစဉ်တွေကြောင့် ရည်မှန်းထားတဲ့ အတိုင်း တရုတ် ခရီးသွားတွေ ဝင်ရောက် လာမယ်လို့ယုံကြည်ပါတယ်။”ဟု Thong Khon က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည် ၂ သန်း အပါအဝင် နိုင်ငံခြား ခရီးသွား ဧည့်သည် ၆.၂ သန်း လာရောက်ခဲ့ပြီး အသားတင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃၅ ဘီလီယံ အထိ ရရှိခဲ့ကြောင်း ၊ အဆိုပါ ပမာဏသည် နိုင်ငံ အမျိုးသား ထုတ်လုပ်မှု တန်ဖိုး GDP ၏ ၁၂.၇ ရာခိုင်နှုန်း ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံတွင် အကျော်ကြားဆုံး ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် သုံးနေရာ ဖြစ်သည့် ဆီရန်ရစ်(Siem Reap) ပြည်နယ်ရှိ အန်းကောဝတ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ Preah Vihear ပြည်နယ်ရှိ Preah Vihear စေတီ နှင့် Kampong Thom ပြည်နယ်ရှိ Sambor Prei Kuk ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ တို့ တည်ရှိသည်။(Xinhua)