ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာမြို့တော်ကြီးဖြစ်သော ဆန်းကျန့်မြို့(Shenzhen) ၌ ၂ဝ၁၉ ခုနှစ်အတွင်း 5G ကွန်ရက်နည်းပညာ စီးပွားဖြစ် အသုံးပြုမှုအတွက် ကနဦးရှေ့ပြေးစီမံကိန်းကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၀ (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း North Maluku ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းက အင်အား ၅.၉ ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဘူမိရူပဌာနက ပြောကြားခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ရက် (ဆင်ဟွာ) ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများဖြစ်ရန် စီမံဆောင်ရွက် လျက်ရှိရာ ပထမအဆင့် ဆောင်ရွက်ရန် ဈေးများစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရှိ လှိုင်ရတနာဈေး ပါဝင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်ခဲ့ရသည့် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရာတွင် အိန္ဒိယနိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၅၂၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။