ရန်ကုန် ၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ယခင်ထက် ပိုမို တိုးမြှင့်အောင် ဆောင်ရွက်နိုင်မည် ဟု ယုံကြည်ကြောင်း မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင်...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်း ဒေသကြီးအတွင်း နွေသီးနှံ စိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန် ပြည်ထောင်စု သီးသန့်ရန်ပုံငွေ မှ ငွေကျပ် ၄ ဒသမ၂ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကရာကက်စ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင် တစ်ခုအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ ၁၅ ဦး အထိ ရှိလာပြီး ဖြစ်ကြောင်း မတ်လ ၁၈ ရက်တွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်း ကျောက်မျက် အချောထည်လုပ်ငန်းများအတွက် ကုန်ကြမ်း ရရှိစေရန် ကျောက်မျက်ရိုင်း များ နှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပွဲကို အစိုးရသစ် လက်ထက် ပထမဆုံးပွဲအဖြစ် ၂၀၁၇ မတ်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ရာ...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) တာချီလိတ်မြို့လွယ်တော်ခမ်းပူးပေါင်းဂိတ်၌ ငွေကျပ် သိန်း ၆၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။