Connect with us

Politics, Law & Military

အစိုးရအဖွဲ့နှင့် KNPP တွေ့ဆုံ ဆွေးနွေး

NRPC အဖွဲ့ ဝင် ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အဖွင့်အမှာစကား ပြောကြားနေစဉ်။

နေပြည်တော်၊ မတ်လ ၁၈ ရက်(ဆင်ဟွာ)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP:_ Karenni National Progressive Party)မှ ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဘက်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို(NRPC ) တို့ တွေ့ဆုံပွဲကို နေပြည်တော် NRPC ၌ ယနေ့ နံနက် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသော NRPC အဖွဲ့ဝင် ရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ဒီနေ့ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရလာမယ်လို့ မျှော်လင့်ပါ တယ်၊ အခုလို တစ်ဖွဲ့ချင်းစီနဲ့တွေ့ပြီးချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပြီး အစည်း အဝေး လုပ်ကြဖို့ ရှိပါတယ်၊ အဲဒါပြီးရင်တော့ ၂၁ ရာစု ပင်လုံကို ဆက်ပြီးသွားနိုင်ဖို့အမြန်ဆုံး ဆောင် ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ထို့အပြင် ၎င်း၏ အဖွင့် မိန့်ခွန်း၌ အစိုးရအဖွဲ့သည် ၂၀၁၂ ခုနှစ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စတင် ညှိနှိုင်းစဉ်ကတည်းက KNPP အဖွဲ့ ပါဝင်ခဲ့ပြီး ထိုအဖွဲ့သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် bilateral agreement များ ရေးထိုး ခဲ့ကာ ဒေသတွင်း နှစ်ဘက်ပစ်ခတ် တိုက်ခိုက်မှုများ မရှိသလောက် အခြေအနေကောင်း များ ထိန်းထားနိုင်သည့် အဖွဲ့တစ်ဖွဲ့ ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင် နှင့်လည်း၂၀၁၈ ဧပြီ ၂၇ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံကာ NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ခဲ့ကြောင်း၊ NCA မရေးထိုးမီ ရေတို ကာလ အတွင်း နှစ်ဘက် တပ်ဖွဲ့များ သွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်မှာ ပုံမှန် ညှိနှိုင်းဆွေးနွေးမှု ကိစ္စများ၊ နှစ်ဘက် သဘောတူသော ဆက်ဆံရေး လမ်းကြောင်းကိစ္စများ၊ တိုးတက်မှု ရရှိခဲ့သော တပ်ပိုင်းဆိုင်ရာ ကိစ္စအချို့ တို့ကို နှစ်ဘက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ ဆက်လက်ပြီး ပြီးခဲ့ သည့် မတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံ ခဲ့ရာတွင်လည်း နှစ်ဘက် အခက်အခဲများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးညှိနိုင်းနိုင်ခဲ့ကြပြီး ယနေ့ ဆွေးနွေးပွဲမှာ အဆိုပါ ချင်းမိုင် ဆွေးနွေးပွဲ၏ အကျိုးဆက်ပင် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရှေ့နေချုပ်က ပြောကြားခဲ့သည်။

ကရင်နီ အမျိးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ် အမှာစကား ပြောကြားနေစဉ်။

တွေ့ဆုံပွဲ ကျင်းပနေစဉ်။

ကရင်နီ အမျိးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယ ဥက္ကဌ ခူဦးရယ်ကလည်း ၎င်း၏အမှာ စကားတွင် ဒီနေ့ကတော့ ပြည်ထောင်စု အဆင့် bilateral agreement အဆင့်မှာ သဘောတူ ခဲ့တဲ့ တချို့သော အကြောင်းအရာတွေနဲ့ မြေပြင်မှာ အဆင်မပြေမှုတွေကို အပြန်အလှန် တင်ပြ ဆွေးနွေးပြီး နောက်အဆင့်တွေမှာ ဘယ်လို တည်ဆောက် ပြီး အဖြေရှာကြမလဲ ဆိုတာ ဆွေးနွေးကြ မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့တွင် NRPC နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြီး နောက်နေ့တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်းလည်း KNPP ဒုတိယ ဥက္ကဌက ပြောခဲ့သည်။

NRPC သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့်လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ (RCSS) တို့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး သဘောတူညီချက် အချို့ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.