ကဘူးလ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ်တွင် မတ် ၁၇ရက်က လုံခြုံရေးတပ်ဖွဲ့နှင့် တာလီဘန်လက်နက်ကိုင်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ လက်နက်ကိုင် ၁၅ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အလောင်းတော်ကဿပလမ်း ၁၆မိုင် ၄ဖာလုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ဘုရားဖူး Expressယာဉ် တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွမ်ဘိုင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ ကီလိုမီတာ ၅၇၀ ကျော် အကွာ Maharashtra ပြည်နယ် Hingoli ခရိုင်ရှိ Khatkali ရထားလမ်းကူးတစ်ခု တွင် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သော PUBG ဂိမ်းကစားနေသူ ၂ဦးအား ရထားတစ်စင်းက တိုက်မိခဲ့ကြောင်း သတင်းများက...
လော့စ်အိန်ဂျလိစ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မတ် ၁၇ ရက် အစောပိုင်းက ဂါလန် ၉,၀၀၀ ဆန့် လောင်စာဆီတင်ကားတစ်စီး လောင်စာဆီယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၂ဦးဆေးရုံတင်လိုက်ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနကပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်မီဒီယာ များ၏ သတင်းများအရ သိရသည်။