Connect with us

Asia

အိန္ဒိယတွင် အွန်လိုင်းဂိမ်း PUBG ကစားနေစဉ် ရထားတိုက်မိ၍ လူ ၂ဦးသေဆုံး

အိန္ဒိယနိုင်ငံ ရှိ ဘူတာရုံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ ကီလိုမီတာ ၅၇၀ ကျော် အကွာ Maharashtra ပြည်နယ် Hingoli ခရိုင်ရှိ Khatkali ရထားလမ်းကူးတစ်ခု တွင် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သော PUBG ဂိမ်းကစားနေသူ ၂ဦးအား ရထားတစ်စင်းက တိုက်မိခဲ့ကြောင်း သတင်းများက မတ် ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ လူသေဆုံးခဲ့သည့် မတော်တဆမှုအား Hingoli ရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်နေကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

PUBG ဂိမ်းသည် တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် လူများစွာ ပါဝင်ကစားနိုင်သော အွန်လိုင်းဂိမ်းတစ်ခုဖြစ်ပြီး ပညာရှင်များက ယင်းဂိမ်းသည်အလွန်စွဲလမ်းစေကြောင်း နှင့် အဆိုပါ ဂိမ်းကစားသူ အများစု ၏ အပြုအမူများသည် တဖြည်းဖြည်းကြမ်းတမ်းလာကြောင်း ပြောကြားခဲ့သည်။

ယင်းအွန်လိုင်းဂိမ်းသည် အလွန်စွဲလမ်းစေပြီး လူငယ်များအတွက် အန္တရာယ်ရှိသည်ဟု ယူဆသဖြင့် Gujarat ပြည်နယ် ရှိ မြို့များ နှင့် ခရိုင်များတွင် အဆိုပါ ဂိမ်းကစားခြင်းကို တားမြစ်ထားကြောင်း သိရသည်။

Gujarat ပြည်နယ် Rajkot မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ် က အဆိုပါ ဂိမ်းအားကစားနေသည့် အသက် ၁၈နှစ်မှ ၂၂နှစ်အရွယ်ရှိ လူငယ် ၁၀ဦးကို တားမြစ်ချက်အား ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.