မော်စကို၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Solikamsk မြို့ ရှိ ပိုတက်ဆီယမ် သတ္တုတွင်းတစ်ခု မီးလောင်မှုကြောင့် ပိတ်မိနေသည့် မိုင်းလုပ်သား ၉ဦးအနက် ၈ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း TASS သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်ကဖော်ပြခဲ့သည်။
နူကူးအလိုဖာ၊ ဒီဇင်ဘာ၂၄ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါ(Tonga)နိုင်ငံ၏ မြို့တော် နူကူးအလိုဖာမြို့(Nuku’alofa) မြောက်ဘက် ၈၄ ကီလိုမီတာတွင် ဒီဇင်ဘာ ၂၄ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၂၈၁ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယနေ့ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် စစ်တိုင်းကြီၤး၅ခု၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၄လကျော် ရပ်ဆိုင်းပေးမည့် ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။
မင့်စ်ခ် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏“ဘီလာရုဇ်နိုင်ငံ ခရီးသွားနှစ်” ပိတ်ပွဲအခမ်းအနားကို ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ် တွင် ဒီဇင်ဘာ ၂၂ ရက်က အောင်မြင်စွာ ကျင်းပခဲ့ရာ ဘီလာရုဇ်နိုင်ငံက တရုတ်နိုင်ငံနှင့် ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွား လိုကြောင်း ပြောကြားခဲ့သည်။