Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံဘုရင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံသို့ထွက်ခွာ

ကမ္ဘောဒီးယားနိုင်ငံဘုရင် Norodom Sihamoni နှင့် ၎င်း၏မယ်တော်ဖြစ်သူ Norodom Monineath Sihanoukတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni) သည် ၎င်း၏မယ်တော် Norodom Monineath Sihanouk နှင့်အတူ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံ၊ပေကျင်းမြို့သို့ မတ်လ ၁၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတော်ဝင်မိသားစုများ၊ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်တက်ချို ဟွန်ဆန် (Samdech Techo Hun Sen) နှင့် အစိုးရအရာရှိကြီးများ နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Wang Wentian တို့က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

သက်တော် ၆၅ နှစ်ရှိပြီဖြစ်သည့် ဘုရင် သီဟာမိုနီ သည် ကျန်းမာရေးစစ်ဆေးရန် နှင့် ဆေးကုသမှုခံယူရန် တရုတ်နိုင်ငံ၊ ပေကျင်းသို့ သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံပြည်သူများသို့ မတ်လ ၁၆ရက် တွင် တော်ဝင်သတင်းစကားပါးခဲ့သည်။

ဘုရင် သီဟာမိုနီ တစ်နှစ်လျှင် ၂ကြိမ် တရုတ်နိုင်ငံမှ ဆရာဝန်များဖြင့် ကျန်းမာရေးဆေးစစ်မှုခံယူခဲ့ကြောင်း သိရသည်။ ဘုရင် သီဟာမိုနီ သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ တွင် ၎င်း၏ နောက်ဆုံးကျန်းမာရေးဆေးစစ်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.