ဆန်ဖရန်စစ္စကို ၊ မတ် ၁၄ ရက် (ဆင်ဟွာ) Facebook အပါအဝင် ၎င်း၏ အဓိက ဆိုရှယ်မီဒီယာများဖြစ်သော Facebook, Instagram, နှင့် WhatsApp တို့သည် တစ်ကမ္ဘာလုံးရှိ အချို့သော နေရာများတွင် ဝန်ဆောင်မှုဖြတ်တောက်ခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့တွင် Facebook ကပြောခဲ့သည်။
လန်ဒန်၊ မတ် ၁၄ ရက်(ဆင်ဟွာ) ဗြိတိန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ကန့်ကွက်ကြောင်းအဆိုကို ဗြိတိန်အောက်လွှွတ်တော်က မတ်လ ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လီမာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ၏ သမ္မတ Martin Vizcarraရှေ့မှောက်တွင် မတ် ၁၁ ရက်က ရုပ်ရှင်နှင့် ဒါရိုက်တာအဖြစ်မှ နိုင်ငံရေးသမား အဖြစ်ဝင်ရောက်လာသော Salvador del Solarသည် ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကို ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိပြီး၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကာရာကာ့စ် ၊ မတ် ၁၄ (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်ဂျူအန်ဂွိုင်ဒို(Juan Guaido) သည် နိုင်ငံအတွင်း လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည်ဖြစ်ကြောင်း ရှေ့နေချုပ် Tarek William Sabb က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။