Connect with us

Europe

သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ကန့်ကွက်ကြောင်း အဆို ဗြိတိန်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်

သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ကန့်ကွက်ကြောင်း အဆို ဗြိတိန်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် အခြေအတင် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ဒန်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

ဗြိတိန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ကန့်ကွက်ကြောင်းအဆိုကို ဗြိတိန်အောက်လွှွတ်တော်က မတ်လ ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်လွှတ်တော်တွင် အခြေအတင်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၂၁ မဲ၊ ကန့်ကွက်မဲ ၂၇၈ မဲဖြင့် ယင်းကန့်ကွက်ကြောင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် အခြေအနေမျိုးမဖြစ်လာရန် အာမခံနိုင်ပါက ဗြိတိန်နှင့်ဥရောပသမဂ္ဂသည် Brexit သဘောတူညီချက်ရရှိအောင်လုပ်ဆောင်ရန်လိုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဗြိတိန်လွှတ်တော်မှ နှစ်ကြိမ် ကန့်ကွက်ပယ်ချခဲ့သည့် Brexit သဘောတူညီချက်သည် တစ်ခုတည်းသောလုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်ကို ဥရောပသမဂ္ဂက အတိအလင်းပြောကြား ခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ ်ထရီဇာမေက မဲခွဲရလဒ်အပြီးတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့်အချိန်ကို မေလ ၂၂ ရက်နေ့အထိ ရွှေ့ဆိုင်းရန်ပြင်ဆင်ချက် အဆိုကိုလည်း ဗြိတိန်လွှတ်တော်က မတ်လ ၁၃ ရက်တွင် ပယ်ချခဲ့သည်။

ယခင်အစီအစဉ်အရ Brexit အချိန် ရွှေ့ဆိုင်းရန် မတ် ၁၄ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြား သဘောတူညီထားသည့် Brexitသဘောတူညီချက်သည် မတ်လ ၁၂ ရက်နေ့တွင် ပယ်ချခံခဲ့ရာ ၎င်းသဘောတူညီချက်သည် နာမည်သာရှိသော အခွံဖြစ်သည်ဟု အများက ယူဆကြသည်။

ယခင်သဘောတူညီချက်အရ ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက် မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.