ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ လက်နက်/ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ၏ ၇၁ နှစ်မြောက် အမျိုးသားနေ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၀၀ ကျော်အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ပြည်ပသို့ ကုန်သွယ်မှု အတွက် မဟုတ်သော ငွေလွှဲပေးပို့ခြင်းများအတွက် တစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ တစ်သောင်းအထိ သတ်မှတ်ထားရှိရာ ၎င်းထက်ပိုများသော ငွေပမာဏကို လွှဲပြောင်း ပေးချေလိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရယူရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဘိုဘိုငယ်က...