Connect with us

Videos

ဆင်ဟွာသတင်းဋ္ဌာနက AR နည်းပညာသုံးစမတ် မျက်မှန်ဖြင့် Live Stream ထုတ်လွှင့်

ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် နှစ်ပတ်လည်အစည်းအဝေးများတွင် ဆင်ဟွာသတင်းဋ္ဌာနမှ သတင်းထောက်များလည်း တက်ရောက်ကာ သတင်းရယူလျက်ရှိရာ AR နည်းပညာသုံးစမတ် မျက်မှန်များဖြင့် Live Stream ထုတ်လွှင့်မှုများလည်းဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါမျက်မှန်များကို တပ်ဆင်ထားရုံဖြင့် ကင်မရာများကို ကိုင်ထားစရာမလိုဘဲ recording လုပ်နိုင်ကာ Live Stream တိုက်ရိုက်ထုတ်လွှင့်မှုများ ကိုလည်းဆောင်ရွက်နိုင်သည်။ အသုံးပြုရလွယ်ကူသည့်အပြင် ပေါ့ပါးကျစ်လစ်သောကြောင့် အချိန်ကုန်လူပင်ပန်းသက်သာစေသည့် AR နည်းပညာသုံးစမတ် မျက်မှန်ဖြင့် သတင်းထုတ်လွှင့်ခြင်းကို ယခု ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးများတွင် သတင်းရယူရာ၌သုံးစွဲနေခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.