ရန်ကုန်၊ ဇန်နဝါရီဘ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း၅၀၀၀တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့ သည် လက်ရှိရေမှတ်များထက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။