နေပြည်တော်၊ မေလ ၃၁ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ပြည်သူ့ဝန်ထမ်း ၄၅၀၀ ကျော်တို့အား ရွေးချယ်ပေးနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့ဝင် ဦးစော ဗယ်လင်တိုင်းက ယနေ့ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) အာရှ အားကစားပွဲအကြို လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လာမည့် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ပဲရစ် ၊ မေ ၃၁ ရက်(ဆင်ဟွာ) ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲခြိမ်းခြောက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးဟန်ချက်ပျက်သည့်ပြဿနာအား ဖြေရှင်းရန် လုံးဝအထောက်အကူမပြုနိုင် ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ဘက်ပေါင်းစုံပါဝင်ဆောင်ရွက်မှုဖြင့် ကုန်သွယ်ရေးပွတ်တိုက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်အဖြေရှာရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron )က မေလ ၃၀...
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံစက်မှုဇုန်တွင် ပထမဦးဆုံးဝန်ဆောင်မှုအနေဖြင့် ဌာနဆိုင်ရာ ၆ ခုပါဝင်သော တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရှီးကျားကျွမ်း၊ မေ ၃၁ ရက် (ဆင်ဟွာ) အစောပိုင်း ချင်မင်းဆက် (၁၆၄၄-၁၉၁၁) ခေတ်က ကျောက်ဆင်ရုပ်တုအား တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။