Connect with us

Europe

၂၀၃၀ ဖီဖာ ကမ္ဘာ့ဖလားပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်မေ ထောက်ခံအားပေး

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့ ၂၀၃၀ ခုနှစ်တွင် ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup) အား အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည်ကို ထောက်ခံအားပေးကြောင်း Belfast မြို့၌ စီးပွားရေးခေါင်းဆောင်များအား ဖေဖော်ဝါရီ ၅ ရက်တွင် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) က ပြောကြားလိုက်သည်။

၁၉၆၆ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ပြန်လည်ကျင်းပရမည့် အလားအလာမြင့်တက်ခဲ့ပြီဖြစ်ကြောင်း မြောက်အိုင်ယာလန်ခရီးစဉ်၌ မေက ပြောကြားခဲ့သည်။

မြောက်အိုင်ယာလန် မြို့တော် Belfast ၌ စီးပွားရေးခေါင်းဆောင်များအား ပြောကြားခဲ့ရာတွင် မေက “၂၀၃၀ ခုနှစ်အတွက် ကမ္ဘာ့ဖလားကို ယူကေနှင့် အိုင်ယာလန်တို့က ပူးတွဲကျင်းပရမှုအပေါ် ထောက်ပံ့သွားမယ်လို့ နှစ်နိုင်ငံ အစိုးရက ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးပါပြီ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား မိသားစုဆက်ဆံရေးနှင့် ချစ်ခင်ရင်းနှီးမှုက လွန်စွာမှ အရေးကြီးကြောင်းလည်း ပြောကြားလိုက်သည်။

အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် လီယို ဗာရတ်ကာ (Leo Varadkar) ကလည်း ကမ္ဘာ့ဖလား ပူးတွဲကျင်းပခွင့်ရခြင်းအပေါ် ကြိုဆိုထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပွဲအား ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံတွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲ၍လည်းကောင်း အသီးသီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.