လီဘရီဗယ်လီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဂါဘွန်နိုင်ငံတွင် စစ်တပ်အရာရှိများသည် ဇန်နဝါရီ ၇ ရက် အစောပိုင်းတွင် နိုင်ငံပိုင် အသံလွှင့်ဌာန အား သိမ်းပိုက်ပြီး နိုင်ငံတော်ကောင်စီ တစ်ရပ် ထူထောင်ကြောင်း ကြေညာခဲ့သည်ကို ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာက စမ်းသပ်ကာလအဖြစ် ကမ္ဘာ့ပထမဆုံး ကင်မရာများအသုံးပြု၍ ကားမောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုသူ ၁၁,၀၀၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယင်းနည်းပညာအား ဇန်နဝါရီ ၇ ရက်မှစ၍ ဆစ်ဒနီမြို့ နေရာတစ်ချို့တွင် အမြဲတမ်းတပ်ဆင်အသုံးပြုကာ ကားမောင်းရင်း ဖုန်းအသုံးပြုသူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း...
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေး နေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေရှိနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ချုံကျင်း၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းရှိ Yunyang Longgang Geological ဥယျာဉ်တွင် မြေပြင်အထက် မီတာ ၆ဝဝ ကျော်ရှိ တောင်စောင်းနှစ်ခုအကြားကို ဖြတ်သန်းသွယ်တန်းထားသော ရောင်စုံ ကြိုးတံတားလျှောက်လမ်း ကို အများပြည်သူသွားလာနိုင်ရန်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရောင်စုံ လျှောက်လမ်း၏ အရှည်မှာ ၆ဝ...