Connect with us

Asia

ဒေလီမြို့တွင် စက်ရုံ မီးလောင်မှုဖြစ်ပွား

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့ အနောက်တောင်ဘက် နာရိုင်နာစက်မှုဇုံ၌ ဖေဖော်ဝါရီလ ၁၄ ရက်နံနက်တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ မီးသတ်ကား ၂၆ စီး ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။

မီးလောင်ခံရသည့် စက်ရုံမှာ ရေမွှေးထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း၊ သတင်းများ ဖော်ပြချက်အရ မီးတောက်များမှာ စက်ရုံအတွင်းမှ ထွက်လာကာ အနီးရှိ စက်ရုံများသို့ ကူးစက်သွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသည့် သတင်းများ မရရှိသေးပေ။ အခြား အသေးစိတ်အချက်အလက်များအား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်ရက်အကြာကလည်း ဒေလီမြို့ ကာရိုဘာနယ်မြေရှိ ဟိုတယ်တစ်ခုတွင် မီးလောင်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.