ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) နမ့်ဆန်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၉၆ဦး ပြောင်းရွှေ့နေထိုင်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရက်သတ္တပတ်အဆုံးက အကျဉ်းသား ၂၆ ဦး သေဆုံးခဲ့ရသည့် ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ဘရာဇီး နိုင်ငံ Penitentiary ပြည်နယ်ရှိ Alcazuz အကျဉ်းထောင်တွင် ထောင်ဖောက်မှု နောက်တစ်ကြိမ် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် သမ္မတ(ဟောင်း) ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ အာဆီယံ နှင့် အာရှရေးရာ စီးပွားရေး သုတေသနအင်စတီကျု(ERIA)ကပေးအပ်သော Asia Cosmopolitan Awards Grand Prize 2017ကို ရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံတကာရေးရာ ဌာန လက်ထောက်ဝန်ကြီး Nathan Sheets က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တရုတ် နိုင်ငံ၏ စီးပွားရေး သည် လက်ရှိချိန်တွင် အသွင်ကူးပြောင်းရေး ကာလ...
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ့လယ်ယာကဏ္ဍတစ်ခုလုံးကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍမှ စံပြအဖြစ် ဦးဆောင်သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်(U.M.F.C.C.I) ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ကြောင်း (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။