Connect with us

Videos

လန်ချန်း-မဲခေါင် ဒေသတွင်း လူငယ်များ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် အနုပညာ ထိန်းသိမ်းရေး စာတမ်းဖတ်

မန္တလေး ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက် က မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး “လန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံများ မှ ရိုးရာ ယဉ်ကျေးမှုများ နှင့် အနုပညာရပ်များ ထိန်းသိမ်းရေး” စာတမ်းများ ကို နိုင်ငံ အလိုက် စာတမ်းဖတ်ခြင်း ပြုလုပ်ခဲ့ကြသည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဒေသတွင်း နိုင်ငံ အသီးသီး မှ အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ကူညီပေးခဲ့သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ နှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများ အား ဝန်ကြီးဌာန ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဖြင့် ဒေသတွင်း ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ထောက်ပံ့ပေးသည့် အတွက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် လို့ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အခုကျင်းပ ပြုလုပ်သည့် အစီအစဉ် သည် လန်ချန်း-မဲခေါင် လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ၏ အရေးပါသည့် စီမံကိန်း တစ်ရပ် ဖြစ်ပြီး ဒေသတွင်း ပြည်သူလူထု အကြား စိတ်နှလုံးခြင်း ချိတ်ဆက်မှု အပေါ် လွန်စွာ အရေးပါကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသတွင်းရှိ လူငယ်များ က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ နှင့် အတူတကွ ကြီးပြင်းကာ အတူတကွ တောက်ပသည့် အနာဂတ်များ ရရှိစေရန်မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ဥက္ကဋ္ဌ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု ဖြင့် ဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ က ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများ ၏ ပြည်သူလူထု အကြား ဆက်ဆံရေး အား ပိုမိုကောင်းမွန်စေသည့် အတွက် တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ အား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်(မန္တလေး) မှ တာဝန်ယူ ဆောင်ရွက်ကာ ဇန်နဝါရီ ၂၇ ရက် မှ ၃၁ ရက် အထိ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း ၊ တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်စဉ် ဒေသတွင်း ရှိ နိုင်ငံ ၆ နိုင်ငံ မှ တစ်နိုင်ငံ လျှင် လူငယ် အနုပညာရှင် ၄ ဦး နှင့် ခေါင်းဆောင် တစ်ဦး စုစုပေါင်း ၅ ဦး ပါဝင်ကြမည် ဖြစ်ပြီး တွေ့ဆုံပွဲ အတွင်း လူငယ်များ ၏ ရိုးရာယဉ်ကျေးမှု ၊ ပန်းချီ ၊ ပန်းပု ၊ အဆို ၊ အက များ တင်ဆက် ပြသ သွားမည် ဖြစ်သည်။ ထို့အပြင် အနုပညာ ဆိုင်ရာ ပြခန်းများလည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး တက်ရောက်ကြသည့် လူငယ် များ က မိမိ နိုင်ငံ ၏ ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားကြမည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် အနုပညာရပ်ဆိုင်ရာ ပစ္စည်များ ကိုလည်း ခင်းကျင်းပြသရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.