ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဘောလုံးအားကစား ထွန်းကားရေး၊ လူငယ်ဘောလုံး ပြိုင်ပွဲများ ပုံမှန်ကျင်းပသွားရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ဘေရွတ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်လာသည့်အတွက် ခရီးသွားလာရေး အကြောင်းကြားချက်အား ဗြိတိန်အစိုးရက အောက်တိုဘာလ ၂ ရက်တွင် ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် ရုရှားတပ်ဖွဲ့လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်ကေဒါ အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်မှုရှိသော နျူဆာတပ်ဦး ခေါင်းဆောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ယင်းအကြမ်းဖက်အုပ်စု၏ တပ်မှူး ၁၂ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။
အော့တိုဝါ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau သည် အောက်တိုဘာ လလယ်တွင် အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံများ သို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်များတွင် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ အားကစားကွင်း ၊ အားကစားရုံများ ၊ ရေကူးကန်များအား အဟောင်းများကို ပြုပြင် ၊ အသစ်များကို တိုးချဲ့ဆောက်လုပ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ...