ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လက်ရှိတွင် လုံခြုံရေးအင်အားများ တိုးမြှင့်ထားပြီး မိုင်းဖောက်ခွဲခဲ့သော တရားခံအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ် ၁၂၂စီးအား စစ်ဆေးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ (၃၀၀၀) မဂ္ဂါဝပ်မှ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
မိုဂါဒစ်ရှူး၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ကြောင်း၊ ကမ်းခြေတွင် ရှိနေသူ အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။