Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မူဆယ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ ၄ ဦး သေဆုံး

မူဆယ်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ မူဆယ် မြို့နယ် အတွင်း မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၆၅/၅-၆)၌ ဇန်နဝါရီ ၁၁ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ လူ ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၆၅/၅-၆)၌ ၂၂ ဘီး ယာဉ် သည် ကုန်းအဆင်းတွင် ဘရိတ် ပေါက်ကာ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်၌ စက်ပျက်၍ ရပ်ထားသော ၁၈ ဘီးယာဉ်တို့အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။၂၂ ဘီးယာဉ်ပေါ်မှ ယာဉ်နောက်လိုက်သည် ယာဉ်ဘရိတ်ပေါက်၍ ခုန်ဆင်းစဉ် ယာဉ်၏ ယာနောက်ဘီးဖြင့် ကြိတ်မိကာ သေဆုံး သွားခဲ့ကြောင်း ၊ ဆိုင်ကယ်စီးနင်းသူ ၂ ဦး နှင့် ၁၈ ဘီးယာဉ် မောင်းနှင်သူ ၁ ဦးတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံး/ ဒဏ်ရာရသူများအား မူဆယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၂၂ ဘီးယာဉ် မောင်းနှင်သူအား မူဆယ်မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှု ကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.