ဝူးလူမုချီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဝူးလူမုချီ သိဝေါပေါင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သီးသန့်အိပ်ရာ အခု ၅၀ ထားရှိပေးထားပြီး ခရီးသည်များ ခေတ္တအိပ်စက်နိုင်ရန် ပိုမိုသက်တောင့်သက်သာရှိသော နည်းလမ်းဖြင့် ဖြည့်ဆည်းပေးထားကြောင်း သိရသည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်ရှိ လမ်းတစ်ခုတွင် ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၀ရက်တွင် တတိယမြောက် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ခါတွန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ အရှေ့ပိုင်း Gadaref ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်က ရဟတ်ယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားရာ ဒေသခံ အစိုးရအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း Mie စီရင်စု ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၀ရက်က အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။