Connect with us

Videos

ငွေသားကိုင်ဆောင်စရာ မလိုဘဲ မျက်နှာမှတ်စနစ်ဖြင့်ငွေပေးချေနိုင်

ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းရှိ မုန့်ဆိုင်တစ်ဆိုင်တွင် မျက်နှာမှတ်စနစ်ကိုအသုံးပြုကာ ငွေပေးချေနိုင်ပြီဖြစ်သည်။ ထိုစနစ်ကိုအသုံးပြုခြင်းအားဖြင့် ဝယ်သူမှာစက္ကန့်ပိုင်းအတွင်းငွေပေးချေနိုင်ကာ လွယ်ကူလျင်မြန်မှုရှိသည်။ Alipay စနစ်မှ ထောက်ပံ့မှုပြုထားသည့် မျက်နှာမှတ်ငွေပေးချေမှုစနစ်ကိုအသုံးပြုရန် နည်းလမ်းမှာရိုးရှင်းပြီး မိမိ၏ အကောင့် ကို ရိုက်ထည့်ကာမျက်နှာကို scan ဖတ်ရုံဖြင့် ကျသင့်ငွေကို မိမိအကောင့်မှ တစ်ဆင့်အလိုအလျောက်ဖြတ်တောက်သွားမည်ဖြစ်ပြီးငွေပေးချေခြင်းလုပ်ငန်းပြီးစီးပြီဖြစ်သည်။ ငွေသားကိုင်ဆောင်ထားရှိစရာမလိုဘဲ Alipay အကောင့်ရှိရုံဖြင့် ဝယ်ယူစားသောက်နိုင်မည့်စနစ် ဖြစ်သောကြောင့် လူငယ်များအကြားရေပန်းစားလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.