ပေကျင်း၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တွင် အလိုအလျောက်စနစ်သုံး တစ်နာရီလျင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်း ဖြင့်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားများကို ၂ဝ၂၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲများ ကျင်းပချိန်တွင် သွားလာဆက်သွယ်ရေး အဆင်ပြေစေရန် မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့်ပြေးဆွဲသွားနိုင်စေမည့် စမ်းသပ်မှုများအောင်မြင်ပြီ ဖြစ်ကြောင်းသိရသည်။ အလိုအလျောက်စနစ်ဖြင့် အချိန်ကိုက် ထွက်ခွါရပ်နားမည့်အပြင်...
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် အီရတ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဇန်နဝါရီလ ၉ ရက်တွင် သတင်းဖော်ပြထားသည်။
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံရှိ လခြမ်းနီ အဖွဲ့အစည်းသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရွှေ့ပြောင်းနေထိုင်သူ ၅ဦး ၏ ရုပ်အလောင်းများကို လစ်ဗျားနိုင်ငံ၏ မြို့တော် ထရီပိုလီမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၅၀ အကွာ၊ ဆာတီမြို့၏ ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား လူပုဂ္ဂိုလ် ၇ ဦးနှင့် ကုမ္ပဏီလုပ်ငန်း အဖွဲ့ ၂၃ ခုကို ပိတ်ဆို့မှုများပြုလုပ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။