Connect with us

North America

ဗင်နီဇွဲလား လူပုဂ္ဂိုလ်၇ ဦးနှင့် ကုမ္ပဏီလုပ်ငန်းအချို့ကို အမေရိကန်က ပိတ်ဆု့ိမှုများ ပြုလုပ်

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား လူပုဂ္ဂိုလ် ၇ ဦးနှင့် ကုမ္ပဏီလုပ်ငန်း အဖွဲ့ ၂၃ ခုကို ပိတ်ဆို့မှုများပြုလုပ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။

ပိတ်ဆို့မှုများပြုလုပ်ခံထားရသည့် လူပုဂ္ဂိုလ်နှင့်ကုမ္ပဏီလုပ်ငန်းအဖွဲ့များက ဗင်နီဇွဲလားနိုင်ငံ အစိုးရ၏ အကျင့်ပျက်ခြစား ငွေကြေးလဲလှယ်မှုတွင် ပါဝင်ရာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ကျော်ရှိကြောင်း၊ ကုမ္ပဏီလုပ်ငန်းအချို့မှာ ဗင်နီဇွဲလားတွင် မှတ်ပုံတင်ထားပြီး အများစုမှာ အမေရိကန်နိုင်ငံ နယူးယောက်၊ မိုင်ယာမီစသည်မြို့များတွင် မှတ်ပုံတင်ထားကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

၂၀၁၇ ခုနှစ်မှစ၍ အမေရိကန်သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အကြောင်းပြပြီး ဗင်နီဇွဲလား၏ စီးပွားရေးနှင့်ဘဏ္ဍာရေးကို ပိတ်ဆို့မှုများပြုခဲ့သည်။ ဗင်နီဇွဲလားအစိုးရက အမေရိကန်၏ အချုပ်အချာ အာဏာကို စွက်ဖက်သည့်ပြုလုပ်ချက်များနှင့် ရန်လိုသည့်ဝေဖန်ချက်များကို ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.