ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၆ မျိုးခန့် ဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဘုရင်မင်းမြတ် ဆူလ်တန်မူဟာမက် V (Sultan Muhammad V) သည် နိုင်ငံ့ဦးသျှောင် အဖြစ် နှစ်နှစ်ကျော် ထီးနန်းစိုးစံခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် နန်းစွန့်သွားခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဇန်နဝါရီ ၆ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ ဒဏ်ရာရသူ အနည်းဆုံး ၇၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း အစွန်းအဖျား ရှိ လမ်းမတစ်ခုတွင် ဇန်နဝါရီ ၆ရက် အစောပိုင်းက ခရီးသွား ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ ၅၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်ရုပ်ရှင်သရုပ်ဆောင်လီတုံးရွှယ်(Li Dongxue) နှင့်အတူ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုက်ဆန် ၊ ကမ္ဘာကျော်ရုပ်ရှင်မင်းသား စတီဗင်ဆေးဂဲလ် နှင့် Janicke Askevold တို့ပါဝင်သရုပ်ဆောင်ထားသော တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်ထားသည့် “ China Salesman ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၉...