Connect with us

Africa & Middle East

အီရန်နိုင်ငံအနောက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ဒဏ်ရာရသူ ၇၅ ဦး ထက်မနည်းရှိကြောင်း သိရ

အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် တိုက်တာအဆောက်အဦများပျက်ဆီးနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဇန်နဝါရီ ၆ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ ဒဏ်ရာရသူ အနည်းဆုံး ၇၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

အဆိုပါငလျင်သည် အရှေ့လောင်ဂျီကျု ၄၅.၆၆ ဒီဂရီနှင့် မြောက်လတ္တီကျု ၃၄.၁၆ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ငလျင်စင်တာ၏ သတင်းများအရ သိရသည်။

ငလျင်ဒဏ်သင့်နေရာများတွင် နေအိမ်အဆောက်အအုံအချို့ပျက်ဆီးဆုံးရှုံးမှုများရှိသလို သောက်သုံးရေနှင့် ပြင်ပဆက်သွယ်ရေးလမ်းကြောင်းများ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းအရ သိရသည်။ အီရန် အစိုးရက ငလျင်သင့်နေရာသို့ ကူညီကယ်ဆယ်ရေးသမားများ စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာက Kermanshah ပြည်နယ်တွင် ပြင်းအား ၇.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရရာ လူ ၄၇၀ ကျော် သေဆုံးပြီး လူ ၉,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် နိုဝင်ဘာကလည်း ယင်းပြည်နယ်တွင်ပင် ပြင်းအား ၆.၄ အဆင့်ငလျင်လှုပ်ခတ်ရာ လူ ၇၀၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.