ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်မှ ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာအား နိုင်ငံခြားဘာသာ ၁၀ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေ လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့လက်ရာပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်အတွင်း သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဘတ်စ်ကား တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး အခြားသူ ၁၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ပန်းတောင်း-တောင်ကုတ် ကားလမ်း မိုင်တိုင်(၅၆/၁)၌ ဟွန်ဒိုင်းမီနီဘတ်စ်ကားတစ်စီး ချောက်ထဲသို့ထိုးကျတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။