Connect with us

Economy

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း အမြတ်အစွန်း ပထမ ၁၁ လအတွင်း ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာ

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကြီးတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ စက်မှုလုပ်ငန်းကြီးများ ၏ အမြတ်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ၂၀၁၈ခုနှစ် ၏ ပထမ ၁၁ လတွင် ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဇန်နဝါရီလ မှ အောက်တိုဘာ ကာလအထိ ၁၃.၆ ရာခိုင်နှုန်းကျယ်ပြန့်မှုထက် ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (National Bureau of Statistics) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလ မှ အောက်တိုဘာလ အထိ ကဏ္ဍ ၄၁ ခုကို လေ့လာဆန်းစစ်ချက်အရ ကဏ္ဍ ၃၄ ခု ၏ အမြတ်အစွန်းသည် ပြီးခဲ့သည့် နှစ် နှင့် နှှိုင်းယှဉ်ပါက ပြောင်းလဲခြင်းမရှိကြောင်း National Bureau of Statistics (NBS) ၏ ပြောကြားချက်အရ သိရသည်။

NBS ၏ စာရင်းဇယားများအရ သံမဏိကဏ္ဍ၊ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံတူးဖော်ရေး၊ ဓာတုပစ္စည်းများ နှင့် အထူးပစ္စည်းကိရိယာထုတ်လုပ်မှုများ အပါအဝင် စက်မှုလုပ်ငန်းများ အမြတ်ငွေ ၇၆.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း NBS ၏ ထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာလအကုန်တွင် အဓိကစက်မှုလုပ်ငန်းကြီးများ ၏ ကြွေးမြီ နှင့် ပိုင်ဆိုင်မှုအချိုးသည် ပြီးခဲ့သည့် နှစ်ကထက် ဝ.၄ ရာခိုင်နှုန်းကျလာခဲ့ပြီး ၅၆.၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.