ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ် ဥပုသ်တော်ရပ်ကွက်မန္တလေး-မတ္တရာကားလမ်း အနီးတွင် တည်ဆောက်နေသော လွှတ်တော်သစ်သည် ၉၀ရာခိုင်နှုန်းပြီးစီးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြု ကာ မောင်းနှင်သွားလာကြသည့် မော်တော်ယာဉ်များအားလုံးကို ပညာ ပေးအစီအစဉ်များ ပြုလုပ် ထားပြီးဖြစ်ခြင်း ကြောင့် ထိုင်ခုံခါးပတ် မပတ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင် ရန် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကုလသမဂ္ဂ ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ မေလ ၃၁ ရက် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ အနည်းဆုံး ၈ဝ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃၅ဝ ဦးရှိလာခဲ့ရာ ယင်းလုပ်ရပ်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း...
ဘာလင်၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကုန်သွယ်ရေး ဖြေလျှော့မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုအထောက်အပံ့များ အား မြှင့်တင်ရန်အတွက် နှစ်နိုင်ငံပူးတွဲလုပ်ဆောင်သွားရန် ၎င်း၏ ဂျာမနီခရီးစဉ်အတွင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၁ ရက် (ဆင်ဟွာ) သီရိလင်္ကာ သဘာဝဘေး ထိန်းချုပ်ရေး ဗဟိုဌာန က မေလ ၃၁ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ရှိချိန်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး မိုးသက်လေပြင်းမှု ကြောင့် ဖြစ်ပွား ခဲ့သည့် ရေကြီခြင်း နှင့်...