Connect with us

Science & Technology

လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေး ဆွေးနွေး

လွိုင်ကော်လေဆိပ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လေဆိပ်အား အဆင့်မြှင့်တင်ရေးအတွက် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ လေဆိပ်အဆင့်မြှင့်တင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့သည် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာအဆင့်မီ (CIQ) လေဆိပ် အဖြစ်အဆင့်မြှင့်တင်တိုးချဲ့ရန် စီစဉ်ထားကြောင်း၊ လွိုင်ကော်လေဆိပ်၏ လေယာဉ်ပြေးလမ်းကို လက်ရှိအရှည် ပေ ၇၀၀၀ မှ ပေ(၁၀၀၀၀)အထိ တိုးချဲ့ပြီး နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်ရန် Master Plan ထားရှိကြောင်း၊ Master Plan အရ အကောင်အထည် ဖော်မည်ဆိုပါက မြေဧက (၇၁၂)ဧကကျော် လိုအပ်ကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်လည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်းနှင့် မူဆယ်လေယာဉ်ကွင်းသစ် တည်ဆောက်ရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.