အင်ဒိုနီးရှား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဇူလိုင် ၂၆ ရက်သည် ကမ္ဘာ့ဒီရေတောနေ့ဖြစ်သည်။ အင်ဒိုနီးရှား ကမ်းရိုးတန်းတွင် ဒီရေတော အများအပြားဖြင့် ဖုံးလွှမ်းထားသည်။ ဒီရေတောများသည် ပင်လယ်ရေကို သန့်စင်ပေးခြင်း၊ လေနှင့်လှိုင်းများကို တားဆီးပေးခြင်း၊ ကာဗွန်ကို သိုလှောင်သိမ်းဆည်းခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ပေးခြင်းစသည့် အရေးကြီးသော အခန်းကဏ္ဍတွင် လုပ်ဆောင်လျက်ရှိသည်။...
ရန်ကုန်၊ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ Wyndham Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ (Xinhua)
သထုံ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုတွင် ဘီးလင်းမြစ်ရေလျှံတက်မှုကြောင့် လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်က မြင်တွေ့ရခြင်းဖြစ်ပါသည်။ (Xinhua)
မနီလာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တိုင်ဖွန်းမုန်တိုင်း ဂေမီနှင့်အတူ အနောက်တောင် မုတ်သုံလေတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ ၂၁ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ရဲဌာနက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ကနဦး...
ရှီးဇန့်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းတူးမြို့ လိမ့်ဝူးချီခရိုင်တွင် ကျုံးချွဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခရီးသွားမြှင့်တင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ ထိုကာလအတွင်း ဖျော်ဖြေတင်ဆက်သူ ၄,၀၀၀ ကျော်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် ” လျင်းကျော အက...