ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မရမ်းကုန်းမြို့နယ်ရှိ Farmer Money Changer တွင် လုယက်ရန်ကြံရွယ်၍ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ ၂ ဦးနှင့် သေနတ်ယူဆောင်ရောင်းချပေးသူ ၂ ဦးတို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရက် ၃၀ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၅ရက်တွင်ပြုလုပ်သည့် ပေါ်ထွန်းစ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်း ၌ကြေညာခဲ့သည်။...
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) BRICS ထိပ်သီးအစည်းအဝေးနှင့်အခြားဆက်စပ်အစည်းအဝေးများသို့တက်ရောက်လာသည့် ခေါင်းဆောင်များ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ယခုကျင်းပလျက်ရှိသည့် BRICS အစည်းအဝေးများသို့ အီဂျစ်၊ ဂီနီ၊ မက္ကဆီကို၊ တာဂျစ်စတန်နှင့် ထိုင်းနိုင်ငံတို့မှခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က စက်တင်ဘာ ၅ ရက်တွင်ကျင်းပလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်လာသည့် ဈေးကွက်နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများဆွေးနွေးပွဲတွင် အမှာစကားပြောကြားခဲ့သည်။ရှီသည် အဆိုပါ ဆွေးနွေးပွဲ တွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။(Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။