ရှမိန်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေးနှင့်နည်းပညာကဏ္ဍများပူးပေါင်းဆောင်ရွက်ရန် နှင့် ဖလှယ်ရန် ယွမ်ငွေ သန်း ၅ဝဝ ကို ထုတ်ချေးမည်ဟု BRICS မျက်နှာစုံညီအစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျ်ရာကီတီရာဘာ မာဟီဒိုလ် သည် တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၇ရက်မှ ၉ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Geng Shuang က စက်တင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ဖရိကနိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော BRICS အဖွဲ့အစည်း၏ ၁၀ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ကာဂျစ္စတန် လက်ရွေးစင် အသင်း နှင့် မြန်မာ လက်ရွေးစင် အသင်း ယှဉ်ပြိုင်ကစားမည့် အာရှဖလား ခြေစစ်ပွဲအား ရက် ရွှေ့ဆိုင်း ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မောင်တောင်မြို့နယ် မီးတိုက်ရွာကင်းစခန်းအား ARSA အစွန်းရောက်အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းကို စက်တင်ဘာ ၃ ရက် ည...