Connect with us

Politics, Law & Military

စာရင်းအင်းစနစ် အရည်အသွေးပြည့်မှ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးနိုင်မည်

၂၀၁၈ ခုနှစ် မြန်မာ စာရင်းအင်းဖိုရမ် ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေး ပြည့်ဝမှသာလျှင် ချမှတ်သောဖွံ့ဖြိုးမှု စီမံကိန်းများ၊ မူဝါဒများ၊ စီးပွားရေး ဝန်းကျင်ကောင်းများကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဗန်ထီးယူယနေ့ ပြောကြားခဲ့သည်။

ဒုတိယသမ္မတ “ရှားပါးတဲ့ သယံဇာတတွေကိုအကျိုးရှိရှိထိရောက်တဲ့ ခွဲဝေမှုများ ဆောင်ရွက်နိုင်မှာ ဖြစ်သလိုစီမံကိန်းများအားစောင့်ကြည့်ကြီးကြပ်ခြင်းများကိုလည်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ပြင်ဆင်ရမယ့် မူဝါဒများကို ပိုမိုကောင်းမွန်အောာင် ပြန်လည်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်းပြောခဲ့သည်။

ထို့အပြင် ၎င်းက “စာရင်းအင်းကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရာမှာ ဝန်ကြီးဌာနများအကြားအလျားလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်သကဲ့သို့ ထောင်လိုက် ပူးပေါင်းဆောင်ရွက် ဖို့လည်းလိုအပ်ပါတယ်၊ သက်ဆိုင်ရာ Stakeholders များအနေနဲ့လည်းပူးပေါင်း ပါဝင် ဆောင် ရွက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟုပြောခဲ့သည်။

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဗန်ထီးယူအဖွင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

UNFPA ဌာနေကိုယ်စားလှယ်၊ စာရင်းအင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တွဲဘက် ဥက္ကဋ္ဌ Ms. Janet Jackson အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

UNESCAP စာရင်းအင်းဌာနညွှန်ကြားရေးမှူး Ms. Gemma van Halderenအမှာစကားပြောကြားစဉ် (ဆင်ဟွာ)

Statistics Quiz တွင် အောင်မြင်ခဲ့သောထူးချွန်သူများ အားဆုများချီးမြှင့်နေစဉ် (ဆင်ဟွာ)

နိုင်ငံဖွံ့ဖြိုးရေးတွင် အခြေခံဖြစ်သောစာရင်းအင်းများရှေ့နောက် ညီညွတ်မှု ရှိဖို့၊ အချိန်မီရရှိဖို့နှင့် ယုံကြည်ကိုးစားနိုင်သည့် ခိုင်မာသောစာရင်းအင်းများ ဖြစ်ဖို့ လိုအပ်နေကြောင်း၊ သို့မှသာ နိုင်ငံတော်၏ လက်ရှိ ဖြစ်ပေါ်နေသောစီးပွားရေး၊ လူမှုရေးအခြေအနေများကိုထင်ဟပ်နိုင်သည့် အချက်အလက်ကောင်းများပေါ်ထွက်လာနိုင်မှာ ဖြစ်ကြောင်း၊ ပြည်သူတို့ လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေးအတွက် လက်တွေ့ကျသည့် မူဝါဒများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် အရည်အသွေးရှိသောစာရင်းအင်းများသည် မရှိမဖြစ် အရေးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေသည့် ကဏ္ဍများ၊ နေရာဒေသများအား ဦးစားပေးများအဖြစ် ရှာဖွေ ဖော်ထုတ်ရာတွင် လည်းအရေးပါလှကြောင်း၊ “Better Data, better statistics, better Lives” ဆိုသည့်အတိုင်းစာရင်းအင်းအချက်အလက်များပိုမိုအရည်အသွေးမြင့်ပါမှ ပြည်သူတို့၏ လူမှုဘ၀ အဆင့်အတန်း မြင့်မားလာမှာ ဖြစ်ကြောင်းလည်းဒုတိယသမ္မတကပြောကြားခဲ့သည်။

နေပြည်တော် MICC II တွင် “စာရင်းအင်းအချက်အလက်များပိုမိုအရည် အသွေးမြင့်လေလူမှု ဘ၀ ပိုမိုကောင်းလေ၊ မြန်မာနိုင်ငံ၏ စာရင်းအင်းအချက်အလက် ယဉ်ကျေးမှု ပုံစံပြောင်းခြင်း (Better Data, better statistics, better Lives: Transforming Data Culture in Myanmar)” ဟူသောဆောင်ပုဒ်ဖြင့် ယနေ့ ပြုလုပ်သောအဆိုပါ ဖိုရမ်သို့ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ စီးပွားရေး ဝန်ကြီးများ၊ စာရင်းအင်းပညာရှင်များ၊ စာရင်းအင်းဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ (NSDS)ကိုအကောင်အထည်ဖော် ဆောင်ရွက်နေသောစာရင်းအင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ ခေါင်းဆောင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။

ဒုတိယသမ္မတကအဖွင့်မိန့်ခွန်းပြောအပြီးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ UNFPA ဌာနေကိုယ်စားလှယ်၊ စာရင်းအင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တွဲဘက် ဥက္ကဋ္ဌ Ms. Janet Jackson နှင့် UNESCAP စာရင်းအင်းဌာနညွှန်ကြားရေးမှူး Ms. Gemma van Halderenတို့က အမှာစကားများအသီးသီးပြောကြားခဲ့ပြီးရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် Statistics Quiz ၌ ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဆုများချီးမြှင့်ခြင်းတို့ကိုဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.