ဝင်းဒို့ခ်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ၏ နမီးဘီးယားနိုင်ငံ ခရီးစဉ်အတွင်း အစဉ်အလာရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။
နယူးယောက်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ဘက် ဖီလာဒဲလ်ဖီးယားမြို့ အစွန်အဖျားရှိ ဘူတာရုံတစ်ခုတွင် ရပ်ထားသော ရထားတစ်စီးကို မြန်နှုန်းမြင့်ရထားတစ်စီးက သြဂုတ် ၂၂ ရက်တွင် ဝင်တိုက်မိသဖြင့် အနည်းဆုံး လူ ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၌ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) တရုတ် နှင့် စင်ကာပူ နိုင်ငံတို့သည် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သြဂုတ်လ ၂၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။