Connect with us

Europe

နျူကလီးယားလက်နက်များသဘောတူညီမှုစာချုပ်မှ အမေရိကန်နုတ်ထွက်ခြင်းမှာ ကမ္ဘာကြီးအတွက်အန္တရာယ်ပိုများကြောင်း ရုရှားပြော

ရုရှားနိုင်ငံ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ခေတ်မီလက်နက်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံနှင့်ချုပ်ဆိုထားသော သမိုင်းဝင် တာလတ်ပစ်နျူကလီးယားလက်နက်များသဘောတူညီမှုစာချုပ်(INF) မှ နုတ်ထွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်အပေါ် ရုရှားနိုင်ငံက စိုးရိမ်ပူပန်မိကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

“ဒီအဆင့်ကို ဆောင်ရွက်ပြီး တကယ်သာ နုတ်ထွက်သွားမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုပြီးအန္တရာယ်များတဲ့ နေရာဖြစ်လာလိမ့်မယ်” ဟု ရုရှားနိုင်ငံကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။ပြီးခဲ့သော အောက်တိုဘာ ၂ဝ ရက်တွင် သမ္မတထရမ့်က တာတိုပစ်ဒုံးကျည်များ နှင့် တာလတ်ပစ်ဒုံးကျည်များ ဖျက်သိမ်းရေး ရုရှားနိုင်ငံ နှင့်အမေရိကန်နိုင်ငံတို့အကြား ၁၉၈၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်ကို ရုရှားနိုင်ငံဘက်ကချိုးဖောက်နေခြင်းကြောင့် INF သဘောတူညီမှုစာချုပ်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ရလိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ အဲဒီစာချုပ်ကိုရုရှားက ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်တို့လက်မခံပါဘူး။ ရုရှားနိုင်ငံဟာ သူတို့နဲ့ချုပ်ဆိုထားတဲ့ ကတိကဝတ်တွေကို ထိန်းသိမ်းနေခဲ့တာပါ ” ဟု Peskov ကဆက်လက်ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဂျွန်ဘိုလ်တန်သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိလာခဲ့ပြီး ၎င်းသည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev ၊ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

Lavrov က အောက်တိုဘာ ၂၂ ရက်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် INF သဘောတူညီမှု နှင့်ပတ်သက်၍ အခြေအနေကို ရှင်းလင်းရန် မည်သည့် လမ်းကြောင်းဖြင့်မဆို အမေရိကန်နိုင်ငံနှင့် ဆက်သွယ်သွားရန် ရုရှားနိုင်ငံက အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

“ အကယ်၍ ဘိုလ်တန်က ဒါကို လုပ်ဖို့အသင့်ရှိတယ်ဆိုရင် ၊ ဆိုပါစို့၊ သူဘာပြောမလဲဆိုတာကို ကျွန်တော်တို့နားထောင်မယ်။ ပြီးတော့ အဲဒီအခြေအနေကို ကျွန်တော်တို့ဆောင်ရွက်ရလိမ့်မယ်။ အကယ်၍ သူတို့က အခြားလမ်းကြောင်းတွေက လုပ်ဖို့ရည်ညွှန်းလာရင်တော့ အဲဒါကို ချိတ်ဆက်ဆောင်ရွက်သွားဖို့ကျွန်တော်တို့ဖက်က အဆင့်သင့် ရှိနေမှာပါ” ဟု ၎င်း ကဆိုသည်။

အမေရိကန်နိုင်ငံအနေဖြင့် INF သဘောတူညီမှုမှ နုတ်ထွက်ရန် အစီအစဉ်အဆင့်ဆင့်ကို လုပ်ဆောင်နေခြင်းမရှိသေးကြောင်း Lavrov က မီးမောင်းထိုးပြောကြားခဲ့သည်။၎င်းက မဟာဗျူဟာမြောက်လက်နက်များ လျှော့ချရေးဆိုင်ရာ START သဘောတူညီမှုသစ် အပါအဝင် INF သဘောတူညီမှု၏ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်အေးချမ်းရေးမူဘောင်အောက်တွင် တာဝန်ယူမှုတာဝန်ခံမှုဖြင့် အတူတကွ မျှဝေလုပ်ဆောင်သွားရန် အမေရိကန်နိုင်ငံက လက်လျှော့မသွားရန် ရုရှားနိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)